မြန်မာ (၄.၀)

Source: Artificial Intelligence on Medium

စတုတ္ထစက်မှုတော်လှန်ရေးနှင့် အနာဂါတ်မြန်မာနိုင်ငံတော်

မြန်မာ (၄.၀) ဆိုသည်မှာ စတုတ္ထစက်မှုတော်လှန်ရေးကို ရည်မှန်းသော အနာဂါတ် မြန်မာနိုင်ငံတော်ကို ဆိုလိုခြင်း ဖြစ်ပါသည်။ အာဆီယံ (၄.၀) သို့ဦးတည်သော မြန်မာနိုင်ငံဟုလည်း ဆိုနိုင်ပါသည်။ ၁၇၆၀ ခုနှစ် နောက်ပိုင်းတွင် စက်ယန္တယားများကို (Mechanization) အခြေခံသည့် ပထမစက်မှုတော်လှန်ရေး စတင်ပေါ်ပေါက်လာခဲ့ပါသည်။ ၁၈ ရာစု တစ်လျှောက်တွင် ရေနွေး‌ငွေ့သုံး မီးသင်္ဘောများ၊ မီးရထားများ နှင့် အလားတူ စက်ယန္တယားများ၏ အကျိုးကျေးဇူးကြောင့် အ‌‌‌နောက်တိုင်းနိုင်ငံကြီးများ တစ်ဟုန်ထိုး တိုးတက်လာခဲ့ကြပါသည်။ ဒုတိယစက်မှုတော်လှန်ရေးအဖြစ် ၁၉ ရာစု နောက်ပိုင်းတွင် လျှပ်စစ်မီး (Electricity) ကိုတီထွင်အသုံးပြု၍ စက်ပစ္စည်းများ စနစ်တကျ တပ်ဆင်မှု နည်းလမ်း (Assembly Line) များ ပေါ်ပေါက်ကာ အမြောက်အမြား ထုတ်လုပ်နိုင်စွမ်း (Mass Production) ကို စက်ရုံလုပ်ငန်းများတွင် ဆောင်ရွက်လာနိုင်ခဲ့ကြပါသည်။ ၁၉၆၀ ခုနှစ် ခန့်မှ စတင်၍ တတိယစက်မှုတော်လှန်ရေးအဖြစ် အီလက်ထရောနစ် (Electronics) နှင့် သတင်းအချက်အလက်နည်းပညာ (Information Technology) တို့ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံအသီးသီးတွင် လုပ်ငန်းကြီးများ အဖက်ဖက်မှ တိုးတက်ပြောင်းလဲခဲ့ကြပါသည်။ Industry 4.0 ဟူသောစကားလုံးကို ၂၀၁၁ ခုနှစ်တွင် ဂျာမဏီနိုင်ငံက စတင်သုံးပြုခဲ့ပြီး ၂၀၁၆ ခုနှစ် ကမ္ဘာစီးပွားရေးဖိုရမ် (World Economic Forum, WEF) တွင် စတင်၍ ဆိုင်ဘာအရာဝတ္ထုစနစ်များ (Cyber Physical Systems) ကိုအခြေခံသည့် စက်မှုတော်လှန်ရေးကို စတုတ္ထစက်မှုတော်လှန်ရေးအဖြစ် တစ်ကမ္ဘာလုံး သုံးစွဲလာကြပါသည်။

Fourth Industrial Revolution, 4IR

စတုတ္ထစက်မှုတော်လှန်ရေး ဆိုသည်မှာ အသိဉာဏ်တု (Artificial Intelligence, AI)၊ အိုင်အိုတီ (Internet of Things, IoT)၊ အဆင့်မြင့်စက်ရုပ်နည်းပညာ (Advanced Robotics)၊ ဘ

The Building Blocks of Myanmar 4.0

စတုတ္ထစက်မှုတော်လှန်ရေးတွင်ပါဝင်သော အဆင့်မြင့်နည်းပညာများသည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်စပ်အကျိုးပြုလာကြပြီး ဒစ်ဂျစ်တယ်ဆိုင်ရာ (Digital)၊ ရုပ်ဝတ္ထုဆိုင်ရာ (Physical)၊ နှင့် ဇီဝဗေဒဆိုင်ရာ (Biological) ကဏ္ဍသုံးမျိုးစလုံး ပေါင်းစပ်ပါဝင်လာပါသည်။ စတုတ္ထစက်မှုတော်လှန်ရေးတွင် အဓိကကျသည့် အရေးကြီးသော နည်းပညာ တစ်ခုမှာ အသိဉာဏ်တုနည်းပညာပင် ဖြစ်ပါသည်။ အသိဉာဏ်တုနည်းပညာကို ၁၉၅၀ ခုနှစ် မတိုင်ခင်ကတည်းမှစ၍ လေ့လာအသုံးပြုခဲ့ကြသော်လည်း စက်သုံးလေ့လာခြင်း (Machine Learning) နှင့် နက်ရှိုင်းလေ့လာခြင်း (Deep Learning) တို့၏ကျေးဇူးကြောင့် ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် အေအိုင်အခန်းကဏ္ဍသည် တစ်ဟုန်ထိုး တိုးတက်ပြောင်းလဲ အောင်မြင်ခဲ့ပါသည်။

လူသားများသာ ဆောင်ရွက်နိုင်သော လုပ်ငန်းတချို့ကို အေအိုင်နည်းပညာကို အသုံးပြု၍ ကွန်ပျူတာများက အစားထ@/p>

Artificial Intelligence, AI

စတုတ္ထစက်မှုတော်လှန်ရေး၏ အဓိကအောင်မြင်မှု‌သော့ချက်မှာ ပညာရေးနှင့် တီထွင်ဆန်းသစ်ခြင်းပင် ဖြစ်ပါသည်။ ပညာရေးဟုဆိုရာတွင် ပုံမှန်အတန်းပညာ (Formal Education) နှင့် ကျောင်းပြင်ပ ပညာ‌ရေး (Nonformal or Alternative Education) နှင့် အလွတ်သဘော (Informal Education) ပညာရေးတို့လည်း ပါဝင်ပါသည်။ ကျောင်းပြင်ပ ပညာ‌ရေး ဆိုသည်မှာ သိလိုတတ်လိုသည်များကို သင်တန်းများတက်ခြင်း၊ အင်တာနက်ပေါ်က လေ့လာခြင်းတို့ ဖြစ်ပြီး အလွတ်သဘောပညာရေး ဆိုသည်မှာ မြင်ဆရာနှင့်ကြားဆရာတို့ထံက လေ့လာသင်ယူခြင်းတို့ပင်ဖြစ်ပါသည်။ အတန်းပညာရေးတွင်လည်း ကျောင်းသားများကို ငယ်စဉ်ကတည်းက စတင်၍ သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ နှင့် သင်္ချာ (Science, Technology, Engineering and Mathematics, STEM) ဘာသာရပ်မျာကို သင်ကြားပေးလာကြပါသည်။ အလွတ်ကျက်မှတ်သည့် ပညာရေးမျိုးမဟုတ်ဘဲ ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်သော အရည်အချင်း (Critical Thinking) ရှိလာစေရန် ပြုစုပျိုးထောင်လာပေးကြသည်ကိုလည်း တွေ့ရှိရပါသည်။ စတုတ္ထစက်မှုတော်လှန်ရေးတွင် တိုးတက်ပြောင်းလဲမှုများ အလွန်မြန်ဆန်ကြသဖြင့် တက္ကသိုလ်ဘွဲ့များနှင့် အတန်းပညာကို အခြေခံသောပညာရေးစနစ်များသည် လုံလောက်မှုမရှိနိုင်ကြတော့ဘဲ အစဉ်ပြောင်းလဲနေသော နည်းပညာသစ်များနှင့် စီးပွားရေးလုပ်ငန်းပုံံစံသစ်များကို အင်တာနက်ပေါ်ကတစ်ဆင့် စဉ်ဆက်မပြတ်လေ့လာနိုင်ရန် ကဏ္ဍတိုင်းတွင် လိုအပ်လာကြပါသည်။ နိုင်ငံတော်အစိုးရနှင့် စီးပွား‌ရေးလုပ်ငန်းကဏ္ဍများတွင်သာမက လူ့အဖွဲ့အစည်းများ ပြည်သူများအားလုံး ပါဝင်နိုင်ရန်လိုအပ်သဖြင့် ဒစ်ဂျစ်တယ် ‘အ’ သုံးလုံးဟုဆိုအပ်သော ဒစ်ဂျစ်တယ်နှင့်စပ်လျဉ်းသည့် အသိ၊ အတတ်၊ အမြင် (Digital Literacy) သည် အသက်အရွယ်မရွေး လူတိုင်းအတွက် အလွန်အရေးကြီးလာပါသည်။

ယခုတွေ့ကြုံနေရသော စတုတ္ထစက်မှုတော်လှန်ရေးသည် မလိုက်ချင်လျှင် မသွားချင်လျှင် နေခဲ့၍ရသော အပြောင်းအလဲတစ်ခုမျိုး မဟုတ်ပါ။ မြန်မာနိုင်ငံအနေဖြင့် စတုတ္ထစက်မှုတော်လှန်ရေးတွင် နောက်ကျမကျန်ခဲ့စေရန် အလွန်ပင်အရေးကြီးလှပါသည်။ ရှေ့တန်းကမဖြစ်မနေ ပါဝင်မှသာ ရင်ပေါင်တန်းနိုင်မည်ဖြစ်ပါသည်။ နိုင်ငံအများစုမှာလည်း လေ့လာစမ်းသပ်ဆဲ ဖြစ်သဖြင့် မြန်မာနိုင်ငံအနေဖြင့် အမီလိုက်ရန် သို့မဟုတ် ပြန်လည်ကျော်တက်ရန် အခွင့်အလမ်းကောင်းတစ်ခုလည်း ဖြစ်ပါသည်။ စတုတ္ထစက်မှုတော်လှန်ရေးတွင် အမီမလိုက်နိုင်ပါက မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအကြားတွင် ရင်ပေါင်တန်းလာနိုင်တော့မည်မဟုတ်ဘဲ တိုးတက်သောနိုင်ငံများနှင့် ကွာဟမှုသည် ယခုထက် ပိုမို၍ အလှမ်းဝေးလာမည် ဖြစ်ပါသည်။ စတုတ္ထစက်မှုတော်လှန်ရေးသည် လုပ်ငန်းကဏ္ဍအသီးသီး (across Sectors and Industries) နှင့် ပညာရပ်များ (Disciplines) အားလုံးတွင် အကျိုးသက်ရောက်လာမည်ဖြစ်သဖြင့် လူငယ်များနှင့် တီထွင်ဆန်းသစ်မှုတ@/p>