Virtuous Cycle of AI

Original article was published on Deep Learning on Medium


Virtuous Cycle of AI ဆိုတာ Company တစ် ခုရဲ့ AI အသုံးပြုထားတဲ့ Product ကို Customer ​တွေပိုမိုအသုံးပြုလာတာနဲ့အမျှ ဒီ Product ကိုပိုမို​ကောင်းမွန်လာ​စေတဲ့ Feedback Loop ဖြစ်တယ်

ဥပမာအနနေဲ့
Blue River ဆိုတဲ့ AgriTech (စိုက်ပျိုး​ရေးနည်းပညာ) ကုမ္ပဏီ ကလယ်ထွန်စက်​တွေ​နောက်မှာ ကုမ္ပဏီ ကထုတ်တဲ့ Machine ​တွေတပ်ဆင်တယ်. ဒီ Machine ​တွေဟာ စိုက်ခင်း​တွေကို Camera နဲ့ photo ရိုက်, photo ထဲမှာ ​ပေါင်းပင် ​ပါမပါ Computer Vision software သုံးပြီးခွဲခြားတယ်. ​ပေါင်းပင် ​တွေ့ရင် တခါတည်း ​​ပေါင်းသတ်ဆေးဖြန်းပြီးသတ်တယ် (Weed Control)

ဒီကုမ္ပဏီစတင်တုန်းက Founder ​တွေကိုယ်တိုင်စိုက်ခင်း​တွေဆီသွားပြီး သူတို့ရဲ့ကိုယ်ပိုင် Personal Camera ​တွေနဲ့ စိုက်ပျိုးသီးနှံ​ပုံ​တွေ photo ရိုက်တယ် (Data Collection)

Data (Photo) အနည်းငယ်ရလာပြီဆို​တော့ အဲဒီ small dataset နဲ့ AI model ကိုစ Train တယ်
Data နည်းနည်းနဲ့သာ train ထား​တာကြောင့်
ဒီmodel ဟာအရမ်းအ​ကောင်းကြီး​တော့မဟုတ်ဘူး

ဒါ​ပေမယ့် farmer​တွေ စတင်အသုံးပြုလို့ရလောက်​​အောင်​တော့ ဒီ AI model ကအလုပ်လုပ်နိုင်တယ်(Performance). ဒီလိုနဲ့ တချို့ farmer ​တွေက ဒီ product ကိုစတင်အသုံးပြုတယ် လယ်ထွန်စက်​နောက်မှာ machine တပ်ပြီး​တော့​မောင်းတယ်
ဒီ machine က photo ရိုက်, photo ထဲမှာweed ​တွေ့ရင်​ဆေးဖြန်းတယ်. ဒီလိုအသုံးပြုရင်းနဲ့ Photo/Data ​​တွေထပ်ရတယ် (More Data)

အသစ်ရတဲ့ photo ​တွေနဲ့ AI model ကို Training ထပ်လုပ်​ပေး​တော့ ပိုမို​ကောင်းမွန်တဲ့ AI model ဖြစ်လာတယ် (Better Product)

Product ပိုမို​ကောင်းမွန်လာတဲ့အတွက်​ကြောင့်​နောက်ထပ် Customer အသစ်တွေ(Farmers) ထပ်ပြီးအသုံးပြုလာကြတယ် (More Users)

Customer အသစ်​တွေဆီက Data အသစ်ထပ်ရတယ်

More Data — — -> Better Product(AI model)
Better Product — — -> More Users
More Users — — -> More Data

ဒီလိုနဲ့ BlueRiver Company ဟာ
Virtuous Cycle of AI ထဲကို​ရောက်လာတယ်

“More User Data, Better Product”

Big Dataset ရှိတာ​ကြောင့်​စျေးကွက်ထဲကိုစတင်ဝင်​ရောက်လာတဲ့ အခြားနည်းပညာကုမဏီ​တွေရဲ့ယှဥ်ပြိုင်မှုကို​ ကောင်း​ကောင်းခုခံကာကွယ်နိုင်တယ် (Defensible). ဘာ​ကြောင့်လဲဆိုပြိုင်ဘက် ကုမဏီ​တွေမှာ Blue River ​လောက် စိုက်ပျိုးခင်းထဲက crop photo (Data) ​တွေမရှိလို့ပါပဲ. နှစ်ရှည်ကြာလာ​လေ Data များလာ​လေ​ BlueRiver ရဲ့ Product ကိုယှဥ်ပြိုင်ဖို့ ခက်ခဲလာ​လေပါပဲ။

https://www.youtube.com/watch?v=-YCa8RntsRE&feature=share